ထုတ်ဝေပုံနှိပ်မလုပ်ရသေးတဲ့ ကဗျာစုစည်းမှုတွေထဲ မပါသေးတဲ့ ကဗျာတွေ

မဂ္ဂဇင်းကဗျာ
အတိဒုက္ခ
၂၅.၀၁.၂၀၂၃

အတိဒုက္ခ အတိဒုက္ခကို ကဗျာထဲထည့်စပ်လိုက်ပါတယ် ပါဒထဲ ဝါကျအပိုတွေပါလာပေါ့ အတိဒုက္ခကိ သေနတ်ထဲထည့်လိုက်ရင်တော့ ကျည်ဆံအနေနဲ့ထွက်လာမှာ အတိဒုက္ခကို အိပ်မက်ထဲ ထည့်မက်တော့ အိပ်မက်ဆိုး။ အတိဒုက္ခကို ဆန်အိုးထဲ ထည့်မိရင် ထမင်းငတ်တော့တာပဲ။ အတိဒုက္ခကို နိုင်ငံတော်ထဲ ထည့်လိုက်ရင်တော့ အရေးတော်ပုံတွေ ထွက်လာမှာ။ အတိဒုက္ခဟာ စန္နရားခလုတ်တွေပေါ် ပြေးသွားတော့ တေးသွားတွေ

မျက်နှာတောနက်
မျက်နှာတောနက်
၂၀.၀၁.၂၀၂၃

မျက်နှာတောနက် ဘုရားစင်ပေါ်ကနေ ညညဆို ငါသိတဲ့ ဘုရားတွေထဲက မဖြစ်နိုင်တဲ့ မျက်နှာတခုထွက်လာတယ် ဘုရားသောက်တော်ရေတွေသောက် ဘုရားပန်းတွေ ချိုးပြီး ကောင်းကင်ဆီ တက်တက်သွားတယ် ပန်းခြံထဲက ကြေးရုပ်ရဲ့ အပေါ်ကုတ်အကျႌထဲကနေ မျက်နှာတခုဟာ ပန်းခြံပိတ်ချိန်ဆိုထွက်လာ သံလမ်းတဖက်က အဖြူဆိုင်ထဲဝင်ဝင်သွား နေ့တိုင်းတော့ မဟုတ်ဘူးပေါ့ ကားပေါ်က ရုတ်တရက်မြင်လိုက်ရတဲ့ မျက်နှာတခုကိုဆို ရဟတ်လုံးပြန်ကျတဲ့အချိန်မှာတောင်

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.